29 C
Yangon

လောင်းလုံးရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က သိမ်းပိုက်၊ ငဖဲတွင် စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြင်းခြံနှင့် မုံရွာတွင် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

လောင်းလုံးရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က သိမ်းပိုက်၊ ငဖဲတွင် စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြင်းခြံနှင့် မုံရွာတွင် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးများ ခြေကုပ်စခန်းများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ညပိုင်းတွင် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များမှ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးများ ခြေကုပ်စခန်းများနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်အချို့ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ စစ်ရေး မှတ်တမ်းများ၊ မဘသ အဖွဲ့မှတမ်းများ၊ ပျူစောထီးအဖွဲ့ဝင်မှတ်များ၊ လက်လုပ်လက်နက်များနှင့် စစ်အ သုံး အဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

ယင်းသို့ ဝင်ရောက် ရှင်းလင်းစဥ် ပျူစောထီးအဖွဲ့ဝင် စာရင်းဇယားများ၊ ထားဝယ်မျိုးချစ်တပ်မတော်နှင့် ပတ်သက်သည့် စာရင်းဇယားများ၊ ၉၆၉ YMBA နှင့် မဘသ အဖွဲ့ဝင် စာရင်းဇယားများ၊ စည်းရုံးရေးမှတ် တမ်းများ၊ ထားဝယ်ခရိုင် ၄ မြို့နယ်ချိတ်ဆက်ဆောင်ရွက်ထားမှု အစီရင်ခံစာများ၊ စစ်ရေးမှတ်တမ်းနှင့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှတ်တမ်းများ၊ အရေးကြီးမှတ်တမ်းများနှင့် လက်နက်လွှဲပြောင်းမှု မှတ်တံများ သိမ်ဆည်းရရှိခဲ့ကြောင်း သိရသည်။

ပသစ တံဆိပ်ပါ ပျူစောထီး ယူနီဖောင်းများ၊ တုတ်၊ ဓါး၊ တူမီးလေသေနတ်အပါအဝင် လက် နက် ပစ္စည်း တချို့နှင့် စစ်ရေးအရ ဖော်မပြနိုင်သည့် ထားဝယ် ၄ မြို့နယ် အတွင်း ၎င်းတို့ချိတ်ဆက် လှုပ် ရှားမှု အရေးကြီးစာရွက်စာတမ်းများနှင့် ဓါတ်ပုံမှတ်တမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာကြားတွင် ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PRA – Magway ထံမှ သိရသည်။

အမှတ် ၉၀၅ အမြောက်တပ်မှ အကြမ်းဖက်စစ်သားများလိုက်ပါလာသော မော်တော်ယာဉ်ကို ပဒေသာ မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိနိုင် သော်လည်း နောက်တွဲအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း People’sRevolution Alliance( PRA- Magway) ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် နေ့လည် ၁၂ နာရီခန့်ကလည်း ဂုတ်ကြီးကျေးရွာရဲစခန်းမှ လုံခြုံရေးကင်း စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ မြောက်ကုန်းရွာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းမိုးကို ဒီဇင်ဘာလ ၃၀ နေ့လည် ၁၁ နာရီခန့်က ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။

အဆိုပါစန်းမိုးသည် PDF လှုပ်ရှားမှုများကို ထောက်လှမ်းသတင်းမှုများ လုပ်ဆောင်နေသည်ကို စုံစမ်း သိရသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင်လည်း အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် များကို အခါအခွင့်သင့်သလို ဝင်ရောက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NRDF) က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့တော်ခန်းမအတွင်းသို့ New Year အကြို ၄၀ မမ ဗုံးသီးနှစ်လုံးပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း Monywa Lightin PDF ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၁၀ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအရေ ကြာ ကြာနေမသဖြင့် အကြမ်းဖက်စစ်ကောင်စီဘက်တော်သားများ အထိအခိုက်အကျအဆုံးကို မသိရခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article