36 C
Yangon

စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ချင်းတို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၁၈ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး

Must read

စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ချင်းတို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၁၈ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် မကွေးတိုင်း မင်းလှမြို့နယ်တို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၁၈ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ထီးချိုင့်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

===============================

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြို့ပတ်လမ်းတွင် ကင်း လှည့်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံးခဲ့ ကြောင်း Special 9- HPDF ထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက်နံနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က ထီးချိုင့်မြို့မှ ကားအသေးတစ်စီး၊ ဆိုင်ကယ် နှစ်စီးဖြင့် ထီးချိုင့်တံတားဘက်သို့ ကင်းလှည့်ထွက်လာသော အကြမ်းဖက်စစ်သား ၊ရဲများကို မြို့ပတ် လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်နှစ်စီးအား ထိမှန်ခဲ့ပြီး ကားအသေးနောက်ပိုင်းထိမှန်ကာ အကြမ်းဖက်စစ်သား၊ ရဲ ၃ ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကာ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၅ နာရီခွဲခန့်ကလည်း မြတောင်လမ်းဆုံအထက် အောင်သာ ယာရွာအနီးတွင် သတ်မှတ်ချိန်မရောက်ခင် မောင်းနှင်လာသော ၁၂ ဘီးကားတစ်စီးကိုလည်း အသံမိုင်းခွဲ ကာ သတိပေးခဲ့ကြောင်း သိရသည်။

တီးတိန်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး

=============================

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီယင်းနယ်မြေအတွင်းချီတက်လာသော အကြမ်းဖက် စစ်ကောင်စီနှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်က စတင်ကာ နာရီဝက်အကြာ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးကာ အထိအခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ကလေးဘက်သို့ တောလမ်းတိုင်းပြန်ဆုတ်သွား ကြောင်း Civic Defence Militia-CDM Siyin က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို CDF VDM Siyin နှင့် MEDF တို့မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDM Siyin ဘက်မှ ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြင်းခြံတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၉ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး

================================

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်မှ ၃ ပွင့်ဗိုလ်ကြီး တစ်ဦးပါအဝင် ၉ ဦးသေ ဆုံးခဲ့ကြောင်း MG6 ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် နေ့က အဆိုပါ အကြမ်းဖက်စစ်သားများအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၊ရဲ တပ်ဖွဲ့ဘက်မှ ၃ ပွင့်ဗိုလ်ကြီး တစ်ဦးပါ ၉ ဦးသေဆုံးခဲ့ပြီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားတစ်ဦးက ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို MG6 ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) မြင်းခြံခရိုင် တပ်ရင်း ၅ ၊ YSO NO 1 ပြောက် ကျား တပ်ဖွဲ့၊ KUG တပ်ရင်း GYZ ၊ ဘီလုံးပြောက်ကျားတပ် ၊ YLK New Power LPDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းလှ၊ ကန်တုတ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံး

===============================

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမပေါ်ရှိ ကန်တုတ်ဂိတ်စခန်းကို ဒီဇင်ဘာလ ၃၁ ရက် နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီခန့်က အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ကန်ထုတ် ဂိတ်စခန်း ကို Student Armed Force (ကျောင်းသားလက်ရုံးတပ်တော်)မှ နာရီဝက်ခန့်အကြာ အနီးကပ် ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးနေရာတွင် သေဆုံးကာ ဘန်ကာထဲရှိ ဗိုလ်ကြီးတစ်ဦးမှာ ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာဖြင့် နောက်ပိုင်းတွင် သေဆုံးသွားကြောင်း၊ ကျန်တပ်သားတစ်ဦးလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်စတ်ဦး ပခုံးကျည်ကွဲစထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ကျန်ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်ရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်

================================

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ ပျူစောထီးစခန်းများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း bee fighters revolution army mdy အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကြွယ်ပုံရွာရှိ ပျူစောထီးစခန်းများ၌ Happy New Year ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေချိန် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

” New Yearနေ့က အလစ်ငိုက်ဖြစ်နေချိန် ကျွန်တော်တို့ အဖွဲ့ အပါဝင် စစ်ကိုင်း၊ ဝက်လက် ပကဖ PDF အဖွဲ့များစွာနှင့် လက်နက်ကြီး လက်နက်ငယ် ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ပျူစောထီးတွေ အများအပြား သေဆုံးနိုင်တယ်။ မနီးမဝေးဆိုတော့ အကျအဆုံး အတိအကျ သတင်းမယူနိုင်ဘူး။ နွားကျောင်းသား အယောင်ဆောင် ပျူတစ်ကောင်ကြောင့် ကင်းပေါက်ကာ မှန်းထားသလောက်ကပ်မရခဲ့ဘူး။ စိတ်ကြိုက်တော့ တိုက်ခိုက်ပစ်ခပ်ခဲ့ရတယ်။ အထိနာတဲ့ ပျူတွေက လေကြောင်း စစ်ကူခေါ်လို့ ပြန်ဆုတ် ခဲ့ရတယ်” ဟု bee fighters revolution army mdy အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article