အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၂
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ” ကြွေမွနေတဲ့တိုင်းပြည်ကို ပြန်လည် ထူထောင်နိုင်ဖို့အတွက် အာဏာရှင်စနစ်ကို ညီညွတ်စွာရုန်းကန်ကြိုးစား အဆုံးသတ်ပေးကြဖို့လိုအပ်တယ်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။









