34 C
Yangon

ရန်ကုန်၊ သာကေတတွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွား၊ မြောက်ဥက္ကလာနှင့် လှိုင်သာယာတွင်လည်း ပေါက်ကွဲသံများ ထွက်​ပေါ်

Must read

ရန်ကုန်၊ သာကေတတွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွား၊ မြောက်ဥက္ကလာနှင့် လှိုင်သာယာတွင်လည်း ပေါက်ကွဲသံများ ထွက်​ပေါ်

ရန်ကုန်၊ ဇန်နဝါရီ ၂

ရန်ကုန်၊ သာကေတမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သာကေတ အဝိုင်းထိပ် မှတ်တိုင်အနီး၊ မွန်းလွဲနေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် ၁၀၈ တောင်ဘုရားအရှေ့အနီးနှင့် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် သာကေတ ဆေးရုံဘက်သို့၌လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

” ဒီနေ့ သာကေတမှာ ပေါက်ကွဲမှု ၃ ကြိမ်ထပ်ပြီး ဖြစ်ပါတယ်။ အဝိုင်းထိပ်မှာ တစ်ကြိမ် နံနက် ၁၀ နာရီလောက်ကပါ ပြီးတော့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် လောက်မှာ တစ်ကြိမ် ၁၀၈တောင်ဘုရားအရှေ့မှာပါ။ နောက်ဆုံး တစ်ကြိမ်ကတော့ ဆေးရုံဘက်မှာပါ အဲတာကလည်း မွန်းလွဲ ၃ နာရီ ၃၀ မိနစ်လောက်ပါ။ ဗုံးပေါက်ကွဲတဲ့ နေရာတွေက စစ်တပ်နဲ့ ရဲတွေ မရှိတဲ့နေရာတွေ လူသွားလူလာ လုပ်နေတဲ့ မှတ်တိုင်တွေ အနီးအနားမှာပါ။ စစ်ခွေးတွေ လက်ချက် ဖြစ်နိုင်ပါတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့ သိရတယ်။ ” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော နေရာများသည် အများပြည်သူ လှုပ်ရှားသွားလာသော နေရာများတွင် ဖြစ်ပွားခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်မှ တော်လှန်ရေး တပ်ဖွဲ့များကို ပုံဖျက်ရန် ပြုလုပ်ခြင်းဖြစ်နိုကြောင်း ​ပြောဆိုသည်။

ထို့ပြင် ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်ကလည်း သာကေတ အဝိုင်းထိပ် ကားမှတ်တိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ တချို့ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း ဒေသခံ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အလားတူ မြောက်ဥက္ကာလာပမြို့နယ်၊ တစ်နေရာတွင် ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၁၃ မိနစ် ဝန်းကျင်တွင် ကျယ်လောင်သော ပေါက်ကွဲထွက်ပေါ်ခဲ့ကြောင်း၊ လှိုင်သာယာမြို့နယ် တစ်နေရာတွင်လည်း ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီ ၄၃ မိနစ်ခန့်က ကျယ်လောင်သော ပေါက်ကွဲသံထွက်​ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article