အကြမ်းဖက် စစ်ကောင်စီက စိန်ရတု လွတ်လပ်ရေးနေ့ အဖြစ် အကျဉ်းသား ၂၀၀၀ နီးပါး လွှတ်ပေးဟုဆိုဝင်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ သာသနာ ရေးဝန်ကြီး ဦးအောင်ကို ပါဝင်
ရန်ကုန်၊ ဇန်နဝါရီ ၄
အကြမ်းဖက် စစ်ကောင်စီက ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အဖြစ် အကျဉ်းသား ၂၀၀၀ နီးပါး ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း စစ်တပ်သတင်း ရင်းမြစ် News of Myanmar က သတင်းဖော်ပြသည်။
လွှတ်ပေးသည့်သူများတွင် နိုင်ငံရေးအကျဉ်သား မည်မျှ ပါဝင်သည်ကို မသိရှိရ သေးသော်လည်း လက်ရှိတွင် သာသနာရေးဝန်ကြီး ဦးအောင်ကို၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ ပါဝင်ကြောင်း ၊ အခြားနိုင်ငံရေးအကျဉ်း သားများ ပါ ပါဝင်နိုင်ဖွယ်ရှိပြီး လတ်တလော အတိအကျ မသိရသေးဟု ရန်ကုန် နိုင်ငံရေး အကျဉ်းသား မိသားစု အသိုင်းအ၀ိုင်းက ပြောသည်။
စစ်တပ်သတင်းရင်းမြစ် News of Myanmar ကလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ ဦးအောင်ကို နှင့် ရန်ကုန်မြိုတော်စည်ပင် သာယာ ရေးကော်မတီဝင် စာရေးဆရာမဒေါ်သန်းမြင့်အောင်တို့ လွတ်မြောက်သူများ တွင် ပါဝင်သည်ဟု အတည်ပြုဖော်ပြထားသည်။