ပြည်တွင်း တော်လှန်ရေးရဲဘော်များနှင့် နိုင်ငံခြားရောက်တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ Global Strike Campaign ပြုလုပ်
ရန်ကုန် ၊ ဇန်နဝါရီ ၄
ပြည်တွင်းတော်လှန်ရေးရဲဘော်များနှင့် နိုင်ငံခြားရောက် တော်လှန်ရေးအင်အားစုများပူးပေါင်း၍ ၂၀၂၃ နှစ်ဦး၏ ပထမဆုံး Global Strike Campaign အဖြစ် “We Must Win” ကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည်။
ကမ်ပိန်းကို Yangon Drone, Milk Tea Alliance Yangon နှင့် Together with Satomi တို့ပူးပေါင်းစီစဉ်ခဲ့ကြပြီး နိုင်ငံတကာရောက် မြန်မာတော်လှန်ရေးအင်အားစုများမှ ပူးပေါင်းကူညီခဲ့ကြကြောင်း၊ လွတ်မြောက်နယ်မြေမှ PDF ရဲဘော်များနှင့်အတူ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ အင်္ဂလန်၊ ဂျပန်၊ ထိုင်ဝမ်၊ အမေရိကန်၊ ဗီယက်နမ်၊ အစ္စရေး၊ ကာတာ၊ ဂျာမနီ၊ အိုင်ယာလန်၊ နော်ဝေ၊ နယ်သာလန်ရောက် မြန်မာတော်လှန်ရေးအင်အားစုများမှ ပါဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
“We must win,don’t give up.” ဆိုသည့်စာသားကို ပုံဖော်ခဲ့ကြခြင်းဖြစ်ပြီး တော်လှန်ရေးကို အားမလျော့ကြရန်၊ အဆုံးထိတိုက်ယူရန်၊ နိုင်ငံတကာရောက်မြန်မာပြည်သူများမှ ပြည်တွင်းတော်လှန်ရေးအင်အားစုများနှင့်အတူ ရပ်တည်ပေးကြရန်၊ ပြည်သူများအနေဖြင့်လည်း အားမငယ်ဘဲ နိုင်ငံတကာက မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကူညီပေးနေသည်ကို သတိရကြရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။