ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ပကဖ အဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက စောင်၊ ဆန်နှင့် ငွေကြေးများ လှူဒါန်း
ရန်ကုန်၊ ဇန်နဝါရီ ၄
ချောင်းဦးမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် စုရပ် ၆ ခုကို ပကဖ အဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက စောင်၊ ဆန်နှင့် ငွေကြေးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ဘေးရှောင် ပြည်သူများအတွက် မြို့နယ် ပကဖ မှ ကူညီငွေ သိန်း ၁၀ ကျပ်ပေးအပ်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သောကျေးရွာတစ်ရွာမှ အိမ်ထောင်စု ၉၉ စုအတွက် ကိုရီးယားနိုင်ငံ ဘုန်းတော်ကြီးတစ်ပါးက မြို့နယ်ကပဖ မှတဆင့် လှူဒါန်းသော ဆန် ၅၉၄ ပြည်နှင့် Chaung U Revolution သတင်း Page က ပံ့ပိုးကူညီသော စောင် ၉၉ ထည်ပေးအပ်ခြင်းတို့ကို မြို့နယ် ပကဖ အဖွဲ့ဝင်များ၊ Chaung U Revolution Page Admin များနှင့်အတူ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် ပကဖ အနေဖြင့် မြို့နယ်၏ ကာကွယ်ရေး လုပ်ငန်းများအပြင် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ခြင်း၊ အကြမ်းဖက် စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများကို စွမ်းနိုင်သမျှ ကူညီစောင့်ရှောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။





