30 C
Yangon

မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကား ၂ စီးကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်၊ စစ်သား ၃ ဦးသေဆုံး

Must read

မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကား ၂ စီးကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်၊ စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာနှင့် ရေပိုးစာကျေးရွာကြားတွင် ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၄ နာရီ ၃၅ မိနစ်က အကြမ်းဖက်စစ်ကားကြီး နှစ်စီးကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း South Monywa PDF မှ တာဝန်ရှိသူ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ မုံရွာ-မန္တလေးလမ်းအတိုင်း ထွက်ခွာလာသော အကြမ်းဖက်စစ်ကားကြီး ၂ စီး ဖြင့် လိုက်ပါလာသော စစ်သားများကို People’s Defence Force – South Monywa တပ်ဖွဲ့ဝင်များမှ ပဒေသာမိုင်း ၅ လုံးတွဲဖြင့် ပထမအကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် နောက်ထပ် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်ပါ စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ဒီမနက် စစ်ခွေးတွေက စစ်ကိုင်းကနေ မုံရွာကို ခိုးကြောင်ခိုးဝှက်နဲ့ထွက်နေတာ၊ အခုကျနော်တို့ တိုက်ခဲ့ တဲ့ ကားကြီးနှစ်စီးကို မုံရွာကနေ ဂျန်ပါကား ၄ စီးနဲ့လာကြိုတယ်၊ အဲဒီဂျန်ပါကားတွေ မရောက်ခင် တိုက်ခိုက်နိုင်လိုက်တာ၊ စစ်ခွေးကားကြီး နှစ်စီးက နမခ တပ်ရင်းမှူးအပြောင်းအရွှေ့လို့လည်း သိရတယ်” ဟု မုံရွာခရိုင်တပ်ရင်း ၁၁ South Monywa PDF မှအဖွဲ့ဝင် Daung Karyan က ပြောဆို သည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ ယာဉ်တန်းများနှင့် ဝေးကွာ စွာ သွားလာနေထိုင်ကြရန်၊ မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် အမြစ်နိုင်ရေးအတွက် South Monywa တပ်ဖွဲ့မှ ပြုလုပ်နေသော “တော်လှန်နှစ်ကူး ရံပုံငွေ”လက်မှတ်များကို ဝယ်ယူကူညီပေးကြ ပါရန် မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article