31 C
Yangon

ကျောက်ကြီးတွင် မိုင်းရှင်းနေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဒီပဲယင်းနှင့် အင်းတော်တွင် စစ်တပ် ကင်းစခန်းနှင့် ရဲကားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

ကျောက်ကြီးတွင် မိုင်းရှင်းနေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဒီပဲယင်းနှင့် အင်းတော်တွင် စစ်တပ် ကင်းစခန်းနှင့် ရဲကားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၇

ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားတွင် ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီခန့်က မိုင်းရှင်းနေသော အကြမ်းဖက်စစ်သားများမိုင်းပေါက်ကွဲပြီး ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြား နတ်သံကွင်း-ကျောက်ကြီးလမ်းမ ပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဖောက်ခွဲတိုက်ခိုက်ရန် PDF တပ်ဖွဲ့မှ ထောင်ထားသည့် မိုင်း များကို အကြမ်းဖက်စစ်တပ်မှ လာရောက်ရှင်းလင်းစဉ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မုန်းအခြေစိုက် ခမရ ၅၉၉ တပ်ကလို့ သိရတယ်၊ မိုင်းရှင်းနေတုန်းထပေါက်တာ၊ ၃ ဦးသေတယ်၊ ၆ ဦး အပြင်းအထန်ဒဏ်ရာရတယ်၊ နောက်ဆက်တွဲတော့ မသိရသေးဘူး” ဟု Bago Region PDF မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အဆိုပါမိုင်းထောင်ထားမှုကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ ၊တပ်ခွဲ ၂ မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရန် ရည်ရွယ် ခဲ့ကြောင်း၊ ဒဏ်ရာအပြင်းအထန်ရရှိသွားသော အကြမ်းဖက်စစ်သားများ၏ နောက်ဆက်တွဲအခြေအနေ ကို ထပ်မံအတည်ပြုစုံစမ်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းစခန်းဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း DRPA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက် ညနေ ၅ နာရီခန့်က ဒီပဲယင်းမြို့အနောက်ခြမ်းရှိ အဆိုပါကင်းဂိတ်စခန်း ရှေ့ထွက်နေသော အကြမ်းဖက်စစ်သား ၂ ဦး အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ လဲကျသွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“အဲဒီဂိတ်မှာ စစ်ခွေး ၁၀ ကောင်လောက်ပဲရှိပါတယ်။ အပြင်းအထန်ဒဏ်ရာရပြီး လဲကျသွားတာတော့ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်၊ သေမသေတော့ မသိရသေးဘူး။ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဂိတ် တစ်ခုပါ” ဟု DRPA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီကင်းဂိတ်သည် ခရီးသွားပြည်သူလူထုကို အမျိုးမျိုးအကြောင်းပြကာ ခြိမ်း ခြောက်ငွေကောက်ခံမှုများကို ကျူးလွန်လေ့ရှိကြောင်း၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် -DRPA တပ်ဖွဲ့မှ နယ်မြေခံ ဒီပဲယင်းပကဖအဖွဲ့နှင့်ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီးကို မို်ငးဆွဲ တိုက် ခိုက်ခဲ့ရာ ရဲ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Indaw Revolution –IR ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၇ နာရီခန့်က အင်းတော်မြို့၊ ပညာရေးမှူးရုံးအနီးရှိ ရဲစစ်ဆေးရေးဂိတ် ကိုလာသော ကားတစ်စီးကို မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးထိခိုက်ဒဏ် ရာရရှိခဲ့ပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသော ရဲတစ်ဦးမှ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် အကြမ်းဖက် စစ်တပ် ရိက္ခာကုန်းအဖြစ် နေရာယူထားသည့် ဂျပန်မြေအောက် ဆေရုံးဟောင်း( Worls War II CaVe) တွင် ဆေးကုသမှုခံယူနေကြောင်း၊ ပျက်စီးသွားသော ကားကို သစ်တောရုံးဝန်းထဲတွင် ရပ်ထားကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲများများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ ပြီး လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်များကိုလည်း တားဆီးစစ်ဆေးနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article