27 C
Yangon

ရေးမြို့တွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရေးမြို့တွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ရေးမြို့တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးကြောင်း YGF-ရေး​ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရေးမြို့၊ ကြိုးတံတား ကျေးရွာထိပ်ရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်း အနီး ကင်းပုန်းဝပ်နေသည့် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦးကို YGF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ကင်းစခန်းနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ခွေး ၂ ကောင်ကို မိုင်းဆွဲ တိုက်ခိုက်တာ ၂ ကောင်လုံးသေတယ်။ တိုက်ခိုက်ပြီးတဲ့နောက် ခလရ တပ်ရင်း ၅၈၈ က အလောင်း လာကောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခဲ့တယ်” ဟု YGF-ရေး​ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

သေဆုံးသွားသည့် စစ်သား ၂ ဦး၏ ရုပ်အလောင်းများကို ခလရ ၅၈၈ မှ အင်အား ၂၀ ခန့်ဖြင့် အလောင်းကောက်ယူသွားပြီး ခလရ တပ်ရင်း ၅၈၈ မှ ပြည်သူများနေထိုင်သည့် ကျေးရွာများအတွင်း လက်နက်ကြီး ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article