38 C
Yangon

ဆားလင်းကြီးရှိ‌ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၆၇ လုံးပြာကျပြီး ဘုန်းကြီးကျောင်းပါ စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ဆားလင်းကြီးရှိ‌ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၆၇ လုံးပြာကျပြီး ဘုန်းကြီးကျောင်းပါ စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၆၇ လုံးပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များနှင့် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်ရှိ ဖောင်းကတာကျေးရွာ၊ ဘင်္ကားကျေးရွာနှင့် ကျောက်ဖြူတိုင်ကျေးရွာ တို့ကို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၆၇ လုံး မီးလောင်ပြာကျကာ ဖောင်းကတာရွာမှ ဘုန်းကြီးကျောင်းပါ စစ်သားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဖောင်းကတာကျေးရွာမှ နေအိမ် ၆၅ လုံးကျော်၊ ဘင်္ကားကျေးရွာမှ နေအိမ် ၂ လုံးနှင့် ကျောက်ဖြူတိုင်ကျေးရွာမှ နေအိမ်​ ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

“ဖောင်းကတာကျေးရွာကနေ မနေ့က နေ့လယ်ပိုင်းလောက်က မိုးကြိုးပြင်ဘက်ကို ပြန်ထွက်သွားပါတယ်။၊ ဘင်္လားကျေးရွာကျေးရွာက ၂ လုံး၊ ကျောက်ဖြူတိုင် ၁၀၀ ကျော်လောက် ပါသွားပါတယ်။ ရွာသားတွေကတော့ ရွာထဲပြန်မဝင်ရဲသေးပါဘူး” ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖောင်းကတာကျေးရွာကို ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီကျော်မှ စတင်၍ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှ စ၍ မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူတိုင်ကျေးရွာကိုမူ ညနေ ၃ နာရီကျော်တွင် စတင်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂကားကျေးရွာကိုမူ နံနက် ၉ နာရီခွဲ အချိန်တွင် ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article