မြိုင်မြို့နယ် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ၊ သပိတ် စစ်ကြောင်း လုံခြုံရေး အတွက် PDF တပ်ဖွဲ့များ လိုက်ပါဝန်းရံ
ရန်ကုန်၊ ဇန်နဝါရီ ၈
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ၊ ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ)နှင့် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်းကာ ဇန်နဝါရီလ ၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ပြီး သပိတ် စစ်ကြောင်း လုံခြုံရေး အတွက် PDF တပ်ဖွဲ့များ လိုက်ပါဝန်းရံခဲ့ကြောင်း သိရသည်။