35 C
Yangon

ရန်ကုန်၊မင်္ဂလာစျေးမီးပွိုင့်တွင် လုံခြုံရေးယူထားသော တပ်ကို ဗုံးဖြင့် တိုက် ခိုက် မှု အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်သားတချို့ ဒဏ်ရာရ ၊ မန္တလေး တွင်လည်း Space Bar ဗုံးပေါက်ပြီး ကားမီးလောင်

Must read

ရန်ကုန်၊မင်္ဂလာစျေးမီးပွိုင့်တွင် လုံခြုံရေးယူထားသော တပ်ကို ဗုံးဖြင့် တိုက် ခိုက် မှု အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်သားတချို့ ဒဏ်ရာရ ၊ မန္တလေး တွင်လည်း Space Bar ဗုံးပေါက်ပြီး ကားမီးလောင်

ရန်ကုန်၊ ဇန်နဝါရီ ၉

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာစျေးမီးပွိုင့်တွင် လုံခြုံရေးယူ ထား သော တပ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်က ပြန်လည် ပစ်ခတ် သံများကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန် မြို့ပြပျောက်ကျားတပ်ဖွဲ့က မင်္ဂလာစျေးမီးပွိုင့်တွင် လုံခြုံရေးယူထားသော စစ် တပ်တပ်စွဲနေရာိကု ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း၊ စစ်တပ်က လိုက်လံပစ်ခတ်သဖြင့် အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး မီးပွိုင့်အနီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ ကြောင်း၊ စစ်သားများလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဗုံးပေါက်သံ နှစ်ချက်ကြားတယ်။ ပြီးတော့ ပစ်ခတ်သံတွေ တောက်လျှောက်ပဲ။ ပြီးတော့ တိုက်ခန်းတွေကို တက်စစ်တယ်။ ကုတင်အောက်တောင် ဝင်ပုန်း ရတယ် ပစ်ခတ်သံတွေက အနီးကပ်ကြားရတာ။ ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်လောက်မှာ မင်္ဂလာစျေးမီးပွိုင့်ရဲကင်းမှာ ပစ်ခတ်မှုကြောင့် နီနီ (ဇာရောင်းတဲ့) ဆိုင်မှ လူငယ် ၁ ဦးလက်မောင်း ထိခိုက်မှုဖြစ်တယ် ဆေး ကုပေးမယ်ဆိုပြီး စစ်တပ်က ခေါ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူ ဇန်နဝါရီ ၈ ရက်နေ့ ညနေ ၆ နာရီ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ (၆၂)လမ်း၊ (၃၅)လမ်းနှင့် (၃၆)လမ်းကြားရှိ Space Bar တွင် ပေါက် ကွဲ မှု ဖြစ်ပွားပြီး ကားတစ်စီး မီးလောင်ခဲ့ကြောင်း၊ ဖောက်ခွဲမှုကို City Hunter (MDY UG) အဖွဲ့က ဆောင်ခဲ့ပြီး “Space Bar အတွင်း အချောင်နေ အချောင် စား Beer သောက်ရင်း ဇိမ်ခံနေသော မြို့ပြမှ မိတ်ဆွေများအတွက် City Hunter (MDY UG) မှ သတိပေး လက်ဆောင် ပို့လိုက်ပါသည်။ လက်ဆောင် ထုပ် များ ကျန်ရှိနေသေးသည့် အတွက် စိတ်အေးချမ်းသာစွာ ဇိမ်ခံနေကြပါရန် အသိပေးအပ်ပါသည်” ဟု တရားဝင် အသိပေးချက်ထုတ်ပြန်ကြောင်း သိရှိရ သည်။

“Space Bar ကတော့ စစ်ခွေးတွေ မကြာမကြာလာတဲ့ ဘားပဲ” ဟု မန္တလေးမှ ဒေသပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရန်ကုန်မင်္ဂလာစျေး ပတ်ဝန်းကျင်နှင့် မန္တလေး Space Bar တွင် ဗုံးပေါက်ကွဲမှုကြောင့် ကားတစ်စီး မီးလောင်နေသည့် မြင် ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article