မြစ်ကြီးနားတွင် ၇၅ နှစ်ပြည့် ကချင်ပြည်ထောင်နေ့တွင် ကချင်အမျိုးသားအလံလွှင့်၍ “Self Determination” 75 Anniversary of Kachin State Day စာတန်းချိတ်ဆွဲ
ရန်ကုန်၊ ဇန်နဝါရီ ၁၀
မြစ်ကြီးနားရှိ အထက်တန်းကျောင်းတစ်ခုတွင် ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာသည့် ၇၅ နှစ်ပြည့် ကချင်ပြည်ထောင်နေ့ကို ဂုဏ်ပြုသည့်အနေနှင့် လုံခြုံရေးတင်းကျပ်စွာချထားသည့်ကြားမှ ကချင်ပြည် အမျိုးသားအလံလွှင့်ထူခြင်းကို ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး ကချင်ပြည်၏ အိပ်မက်ဖြစ်သော ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ( Self – Determination) ခေါင်းစဉ်ဖြင့် “Self Determination” 75 Anniversary of Kachin State Day စာတန်းကို ကချင်ပြည်အမျိုးသားအလံ အောက်တွင် ချိတ်ဆွဲသည့် လှုပ်ရှားမှုကို KSCM သပိတ်ကော်မတီမှ ပြုလုပ်ခဲ့သည်။



