ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု တော်လှန်ရေးရဲမေ ၃ ဦးနှင့် ရဲဘော် ၂ ဦး ကျဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၀
အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို စစ် ကောင်စီက တိုက်လေယာဉ် အသုံးပြု ဗုံးကျဲမှုကြောင့် တော်လှန်ရေးရဲမေ ၃ ဦး နှင့် ရဲဘော် ၂ ဦး ကျဆုံးကြောင်း၊ ဒဏ်ရာရရှိ သူများရှိကြောင်း ချင်းတော် လှန် ရေး တပ်ဖွဲ့သတင်းရင်းမြစ်များထံသိရှိရသည်။
ယနေ့ ညနေ၄ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်များဖြင့် ဗုံး ၅ လုံးကျဲချ တိုက် ခိုက်ခြင်းဖြစ်ပြီး ဗုံးကျဲမှုကြောင့် အနည်းဆုံး ၅ ဦး သေဆုံးကြောင်း၊ ဒဏ် ရာ ရရှိသူများလည်း များပြားကြောင်း၊ တိုက်လေယာဉ်များသည် အိန္ဒိယ လေ ပိုင် နက်ကို ဖြတ်ကျော်ဖွယ်ရှိကြောင်း ဒေသခံများကို ကိုးကား၍ ချင်းလူ့ အခွင့် အရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို ဆက်သွယ်သော်လည်း လက်ရှိအချိန်အထိ အဆက် အသွယ် မရရှိသေးပေ။



