33 C
Yangon

ဆားလင်းကြီးတွင် စစ်တပ် ရေယာဥ် ၁ စီးကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်

Must read

ဆားလင်းကြီးတွင် စစ်တပ် ရေယာဥ် ၁ စီးကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရေယာဥ် ၁ စီးကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မျိုးဆက်သစ်လူငယ် Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ)မှ အင်အား ၅၀ ခန့်လိုက်ပါလာသော ရေယာဥ် ၁ စီးကို ဆားလင်းကြီးမြို့နယ်၊ ရွှေဂုန်းရွာအနီးတွင် ကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေယာဥ်သည် ချင်းတွင်းမြစ်ကြောင်း အတိုင်း မုံရွာမြို့မှ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

” ၁၀ လက်မ၊ ၈ လက်မ ရှေ့ထွက်မိုင်းကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ဖလပ်က ချာလည်လည်ပြီးတော့ ထိုးရပ်သွားတယ်။ ထိခိုက်ကျဆုံးမှုကတော့ မသိနိုင်သေးဘူး”ဟု မျိုးဆက်သစ်လူငယ် Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Shadow-PDF၊ Black Vote Fighter၊ Salingyi G.Z People’s Defence Force ဓါးမဆိုင်းတပ်မတော် ယင်းမပင်တပ်ရင်း(၂၈ )SRA PDF မျိုးဆက်သစ်လူငယ် Local PDF နှင့် မဟာမိတ် ညီနောင်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article