ယင်းမာပင်မြို့နယ်ရှိ NUG အစိုးရ ဖွင့်လှစ်ထားသော ကျောင်းများ၌ ကျန်းမာရေး ဟောပြောပွဲများ ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ယင်းမာပင်မြို့နယ် အတွင်းရှိ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွင့်လှစ်ထားသော ကျောင်းတစ်ကျောင်းတွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ကော်မတီ၊ အမျိုးသား ညီညွတ်ရေး အစိုးရ ကျန်းမာရေး ဝန် ကြီးဌာနနှင့် AVSC Medical Team တို့ပူးပေါင်းကာ ကျန်းမာရေး ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး သံချဆေး တိုက်ကျွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။