27 C
Yangon

အလင်းသခင်(ခ) မယ်သခင် ကို PDF ထောက်ပံ့သည့် သက် သေမခိုင်လုံဘဲ စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချ၊ “နီးစပ်ရာ တလရ ကိုလှုပါ” ဆိုသည့် Facebook ပို့စ်တင်ပြီးနောက် ဖမ်းဆီးခံခဲ့ရ

Must read

အလင်းသခင်(ခ) မယ်သခင် ကို PDF ထောက်ပံ့သည့် သက် သေမခိုင်လုံဘဲ စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချ၊ “နီးစပ်ရာ တလရ ကိုလှုပါ” ဆိုသည့် Facebook ပို့စ်တင်ပြီးနောက် ဖမ်းဆီးခံခဲ့ရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် အွန်လိုင်းဆယ်လီ အလင်းသခင်ကို PDF ထောက် ပံ့ သ ည့် သက်သေမခိုင်လုံဘဲ စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အွန်လိုင်းဆယ်လီ အလင်းသခင်က “နီးစပ်ရာ တလရ ကိုလှုပါ” ဆိုသည့် Facebook ပို့စ်တင်ခဲ့ပြီးနောက် စစ်တပ်က လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲခဲ့ပြီးနောက် ယနေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“NUG /CRPH ၊ မူဆယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ PSDA၊ CDM ဝန်ထမ်းတွေကို ​ထောက်ပံ့ လှုဒါန်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖျက် ဥပ​ဒေ ၅၀(ည) အရဆိုပြီး အလုပ်နဲ့​ထောင်ဒဏ် ၁၀နှစ် ကို မူဆယ်ခရိုင် တရားရုံးက ဒီနေ့ အမိန့်ချတယ်။ လားရှိုး​ထောင်ပို့မယ်လို့​တော့​​ပြောတယ်။ ဖမ်းသွားတာ ​မနှစ် အောက်တိုဘာ ၄ ရက်​နေ့ကတည်းက။ မူဆယ် အိမ်မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင် ရဲ၊ စစ်သား ၁၅​လောက်လာဖမ်းသွားတာ။ ကြားထဲမှာ အမှုရင် ဆိုင်တာ ၃ လ​ လောက်ကြာသွားတယ်။”နီးစပ်ရာ တလရ ကိုလှုပါ”ဆိုတဲ့ ပို့စ်ရယ်၊ Light King အမည်နဲ့ လှုထားတဲ့ဂုဏ်ပြုလက်မှတ်ကို ဖုန်းထဲမှာ ​တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမိန့်ချလိုက်တာပါ။ သက်သေ ခိုင်ခိုင်လုံလုံဘာမှ မပြနိုင်ဘဲ ချလိုက်တာ။ ၃ လ လုံးလုံး မူဆယ် အချုပ်မှာပဲနေရတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article