အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၃
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ရွေးကောက်ပွဲဆိုတာကို
စိတ်ကူးယဥ်မနေနဲ့ အုပ်ချုပ်ရေးယန္တရားတောင် မတည်ဆောက်နိုင်သေးဘူး။ အာရုံမလွှဲနဲ့။ စိတ်မပြောင်းနဲ့ အဆုံးထိတွန်းလှန်ကြ” စာတန်းကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။