မြိုင်တွင် “လူမဆန်ယုတ်မာမှုကို လူမှန်ရင်ဆန့်ကျင်ရမယ်”စာသားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်
ရန်ကုန်၊ ဇန်နဝါရီ ၁၄
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ဒေသခံပြည်သူလူထုပူးပေါင်း၍ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ညတွင် “လူမဆန်ယုတ်မာမှုကို လူမှန်ရင် ဆန့်ကျင်ရမယ်”၊ “တစ်ယောက်အားဖြင့် ယူသော်မရ တစ်သောင်းအားဖြင့် ယူသော်ရ၏” စသည့် စာသားပါ ဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။