အရာတော်တွင် “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၁၆
အရာတော်မြို့နယ် ကျေးရွာပေါင်း စုံလူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ၊Northen Brother တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။





