ထိုင်းစစ်တပ် စစ်ဦးစီးချုပ် General Chalermpol Srisawat သံတွဲမြို့တွင် မင်းအောင်လှိုင် နှင့်တွေ့ ဆုံမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၈
ထိုင်းစစ်တပ်၏ စစ်တပ်ဦးစီးချုပ် General Chalermpol Srisawat သည် ရခိုင်ပြည်နယ်၊ သံတွဲမြို့ တွင် အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းစစ်တပ်ဦးစီးချုပ် ၊ Supreme Commander of Royal Thai Armed Forces မှ General Chalermpol Srisawat သည် ထိုင်းစစ်တပ်လေယာဉ်ဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန် သံတွဲလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်မင်းအောင်လှိုင်ကလည်း ထိုင်းစစ်ဦးစီးချုပ်ရောက်ရှိချိန် သံတွဲတွင် ရောက်ရှိနေ မည်ဖြစ် ပြီး ၎င်းတို့နှစ်ဦး တွေ့ဆုံကြမည်ဖြစ်သည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထိုင်းစစ်ဦးစီးချုပ်သည် ထိုင်းလေတပ်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာပြီး ယင်းနောက် ရန်ကုန်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
