ကနီမြို့နယ်တွင် စစ်အာဏာရှင် ဖြုတ်ချရေး သပိတ် ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေးသပိတ်အင်အား စု(ကနီမြို့နယ်)မှဦးဆောင်ပြီး နယ်မြေ
မငြိမ်မသက် ဖြစ်နေသည့်ကြားမှ စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်ကို အင်အားအများဖြင့် ယနေ့ နံနက်ပိုင်းပြုလုပ်သည်။
ပြည်သူ့လွတ်လပ်ရေးအတွက် တော်လှန်ရေးနဲ့ အပြီးရယူကြ ဘန်နာကိုင်ဆောင်၍ ထလော့ မြန်မာ မြန်မာ ထလော့ ၊ ထလော့ ကနီ ကနီ ထလော့ ၊ သခင်မျိုးဟေ့ ဒို့မြန်မာ အရေးတော်ပုံအောင်ရမည် အောင်
ကိုအောင်ရမည် ၊ သခင်မျိုးဟေ့ ဒို့ကနီ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည် ကြွေးကြော်သံများကြွေးကြော်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။
သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောပြောကြပြီး ခေတ်အဆက် ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခြင်းများ ပြုလုပ်ခဲ့သည်။



