Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယောရွာထိပ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၈ ဦးထက် မနည်း သေသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
-ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား ၂ ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က အရာရှိ ၃ ဦးအပါအဝင် တပ်သား တွေ အသေများတယ်လို့ Bago Region PDF အဖွဲ့ဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်- ရဲစခန်းမှာ စုဝေးနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဇန်နဝါရီ ၁၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ ဦးဒဏ်ရာ ရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။