31 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်မင်းအောင်လှိုင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရဲဝင်းဦးကို စစ်တပ်ရဲ့ နံပါတ် ၂ ရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ရာထူးတိုးမြှင့်လိုက်ပြီး စစ်တပ်အတွင်း ဗိုလ်ချုပ်တွေကိုလည်း ရာထူးအပြောင်းအလဲတွေ လုပ်ဆောင်နေတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လပ်စရာမရှိဘဲ စက်သုံးဆီစျေးနှုန်းတွေကတော့ ကမ္ဘာ့စျေးနှုန်းနဲ့အညီ အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ အကြမ်းဖက်ဇော်မင်းထွန်းက မနေ့က အကြမ်းဖက်စစ်တပ် လက်အောက်ခံ မီဒီယာတွေကနေတစ်ဆင့် ပြောဆိုလာတာဖြစ်ပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ နယ်စပ်မြို့တွေထိ စက်သုံးဆီအကျပ်အတည်း ပြန်ဖြစ်လာနေပြီး ဆီဆိုင်တချို့ ပိတ်ထားရတာ၊ တချို့က အကန့်အသတ်နဲ့ပဲ ရောင်းနေတာတွေကြောင့် ပြည်သူတွေက တန်းစီပြီး ကြိတ်ကြိတ်တိုးဝယ်ယူနေရတယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

အီရန်စစ်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ အမေရိကန်တပ်ဖွဲ့ဝင်တွေ အရှေ့အလယ်ပိုင်းကို ထပ်မံရောက်ရှိလာနေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article