အရာတော်တွင် ဗကသ ကျောင်းသားများ စစ်ကောင်စီ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၁၈
အရာတော်မြို့နယ် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် “ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” စာတန်း ကိုင်ဆောင်ကာ စစ်ကောင်စီ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြခဲ့ဟု သိရသည်။



