မြန်မာ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သူများအတွက် တောင်ကိုရီး ယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ဆုတောင်းပွဲပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၉
တောင်ကိုရီးနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ ကိုရီးယား-မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် နွေဦးတော်လှန်ရေးကာလ မြန်မာ စစ်တပ်၏ မတရား သတ်ဖြတ် ဖိနှိပ်ခြင်းခံရမှု ကြောင့် အသက် ဆုံးရှုံးခဲ့ရသူများ အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တော်လှန်ရေးသမား ညီညွတ်ကြရန်၊ ထောက်ပို့ အချင်းချင်း ချိတ် ဆက်ခြင်းဖြင့် နွေဦးတော်လှန်ရေး အောင်မြင်ပြီးမြောက်သည့်အထိ စိတ် ဓာတ် ကြံ့ခိုင်စွာ ပါဝင်ဆင်နွဲကြရန် ပြည်တွင်းပြည်ပရှိတော်လှန်ရေး သမား များ ကို (ဒယ်ဂူး ဘုန်းဘုန်း) က အသိပေးစကားပြောကြားခဲ့သည်ဟု သိရသည်။