ကနီတွင် စစ်ရှောင်ပြည်သူများကို ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်
ရန်ကုန်၊ ဇွန်နဝါရီ ၂၀
ကနီမြို့နယ်တွင် ဒေသခံ စစ်ဘေးရှောင် ပြည်သူများကို Burma Liberation Force (ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့)
Medical Team မှ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့ (BLF ) Medical Team အနေဖြင့် ထိတွေ့ တိုက်ပွဲကာလအတွင်း စစ်ရှောင်ဒေသ ၅ နေရာရှိ စစ်ရှောင်ကျေးလက်လူထု ၁၅၀ ကျော်ကို ယနေ့ချိန်အထိ သွားရောက် ကုသမှုပေးနေဆဲ ဖြစ်ကြောင်း သိရသည်။



