38 C
Yangon

KNU တပ်မဟာ ၃ နယ်​မြေတွင် ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးသေဆုံး

Must read

KNU တပ်မဟာ ၃ နယ်​မြေတွင် ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ် ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်( ခလယ်လွီထူခရိုင်)တပ်မ ဟာ ၃ နယ်မြေတွင် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဒုတပ် ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ ၁၅ ရက်အတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၈၊ တပ်ရင်း ၉ ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့များ မှ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို မြေ ပြင် တိုက်ပွဲပေါင်း ၅၅ အကြိမ်အပြင် Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း ၁၄ ကြိမ်ခန့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဒု−တပ်ရင်းမှူး ၁ ဦး အပါအဝင် ၄၇ ဦးခန့် သေဆုံးခဲ့ပြီး ၁၉ ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အတည်မပြုနိုင်သော အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အသုံးပြုသော စစ်ကား ၂၁ ကို ဖျက် ဆီးနိုင်ခဲ့ကြောင်း၊ KNLA /KNDO တပ်ဖွဲ့ဝင် ၂ ဦး တိုင်း ပြည် အ တွက်အသက်ပေးလှူခဲ့ရပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်မှ ကျေးရွာများအပေါ် ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article