29 C
Yangon

မြိုင်မြို့နယ်၊ ဗဟင်းရွာကို စစ်တပ်က MI 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်၊ ပြည်သူများ ထိခိုက်မှုရှိ

Must read

မြိုင်မြို့နယ်၊ ဗဟင်းရွာကို စစ်တပ်က MI 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်၊ ပြည်သူများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာကို စစ်တပ်က MI 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ် ဗဟင်းရွာကို အကြမ်းဖက် စစ်တပ်က MI 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိသော်လည်း အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ဗဟင်းရွာကို ပစ်တာလို့သိရတယ်။ အခုအတည်မပြုနိုင်တာက စာသင်ကျောင်းက ကလေးတွေ ဖျော်ဖြေပွဲကို ပစ်တာလား။ တိုက်နယ်ဆေးရုံကို ပစ်တာလား မသိရသေးဘူး။ ဘယ်နေရာကိုပစ်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ ဘာတိုက်ပွဲမှလည်းမရှိဘူး။ ဒီအတိုင်းကို လာပစ်သွားတာ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ သေဆုံးသူ ရှိမရှိတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article