ဖားကန့်တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဇန်နဝါရီ ၂၃ ရက်နေ့၌ KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် KIA၊ PDF တိုက်ပွဲတိုင်း နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ တရားမဝင်ရွေးကောက်ပွဲလူထုအားဖြင့်တိုက်ဖြတ်ကြ ၊ ဖက်ဆစ်စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြောင်း သိရသည်။