29.6 C
Yangon

ဖားကန့် ၊ အဲဗားဝင်းကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း လုံခြုံရေးယူထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ထိခိုက် သေဆုံးမှုများပြား၊ ရေတာရှည်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး

Must read

ဖားကန့် ၊ အဲဗားဝင်းကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း လုံခြုံရေးယူထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ထိခိုက် သေဆုံးမှုများပြား၊ ရေတာရှည်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အဲဗားဝင်း ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း လုံခြုံရေးယူထားသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ထိခိုက်သေဆုံးမှု များပြား ကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၄ နာရီကျော်အချိန် KIA နှင့် PDF ပူးပေါင်းတပ် များက ဖားကန့်မြို့နယ်၊ ယူမာရပ်ကွက်၊အဲဗားဝင်းကျောက်စိမ်းဝင်းအတွင်း တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု များ ပြားကြောင်း သိရှိရသည်။

“စစ်တပ် အင်အား ၃၀ လောက်ရှိတယ်။ အဲဗားဝင်း ကျောက်စိမ်းကုမ္ပဏီဝင်းထဲ တပ်စွဲထားတာ။ အဲဒါကို ဝင်တိုက်တာ။ စစ်တပ်ဘက်က အတော်ကို အထိနာ တယ်။ ဝင်းထဲကို ဆေးရုံကားတွေ ဝင်ထွက်တော အများကြီးပဲ။ အဲဒါဖြစ်တော့ စစ်တပ်က လက်နက် ကြီးတွေနဲ့ ရမ်းသမ်းပစ်တယ်။ အဲဗားဝင်း ကုမ္ပဏီ အဆောင် တစ်ခုလည်း မီးလောင်သွားတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ တစ်လျှောက်လုံးပစ်ခတ်နေတာ ဖားကန့်တစ်မြို့လုံး ဆူညံနေတာပဲ ကြားရတာ” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ပဲခူးတိုင်း၊ ရေတာ ရှည်မြို့နယ်၊ ကံလှကျေးရွာနှင့် ဗောဓိကုန်းကျေးရွာကြားရှိ အရေပြားကုန်းသို့ စစ် ကြောင်းထိုးဝင်ရောက်လာသော စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သံတောင်မြောက်ပိုင်းအထူးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ၏ ရေနီလေ့ကျင့်ရေး အမှတ် ၅ တပ်နှင့် နေပြည်တော် တပ် ပေါင်းစု မှ စစ်သားများကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၈ ဦးဒဏ် ရာရရှိ ကြောင်း၊ အထိနာသော စစ်တပ်က ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

Northern Thandaung Defense Force (Special Region)၏ ထိန်းချု ပ်နယ်မြေ ဖြစ်သော စစ်တောင်း မြစ် အရှေ့ဘက်ခြမ်းတွင် နယ်မြေ ကျူးကျော် လာသော စစ်ကောင်စီ တပ်များ နှင့် အချိန်မရွေး၊ နေရာမ ရွေး တိုက်ပွဲများ ဖြစ်နိုင်သဖြင့် မိဘပြည်သူများအနေ ဖြင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက် နစ်နာမှု များ မရှိစေရန် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် နီးစပ်ရာ နေထိုင်မှုမပြုကြရန်၊ ၎င်းအကြမ်းဖက် စစ် ကောင်စီတပ်တို့ နှင့် မပူးပေါင်းရန် အထူးသတိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article