“အကြမ်းဖက် ဂျင်းရွေးကောက်ပွဲ မဲမပေးနဲ့” စာသားနှင့် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်း ချီတက်
ရန်ကုန်၊ ဇန်နဝါရီ ၂၃
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းမှ ပြည်သူများ စုပေါင်း၍ “အကြမ်းဖက် ဂျင်းရွေးကောက်ပွဲ မဲမပေးနဲ့” စာသားနှင့်အတူ စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲကို မဲမပေးကြရန် ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြသည်။