27 C
Yangon

မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချရေးနှင့် ဒီမိုကရေစီ ပြန်သွားရေး လှုပ်ရှားမှု တွင် ဂျပန်အစိုးရက ပါဝင်ဆောင်ရွက်ရေး ဖိအားပေးတောင်းဆိုရန် အတွက် ဂျပန် လွှတ်တော် အမတ်များ ၏ လက်မှတ်များ စတင်စုဆောင်းကောက်ယူ

Must read

မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချရေးနှင့် ဒီမိုကရေစီ ပြန်သွားရေး လှုပ်ရှားမှု တွင် ဂျပန်အစိုးရက ပါဝင်ဆောင်ရွက်ရေး ဖိအားပေးတောင်းဆိုရန် အတွက် ဂျပန် လွှတ်တော် အမတ်များ ၏ လက်မှတ်များ စတင်စုဆောင်းကောက်ယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချရေးနှင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ထောက်ကူပေးရေး ဂျပန်အစိုးရကို တောင်းဆိုရန်အတွက် ဂျပန်လွှတ်တော် အမတ် များ၏ လက်မှတ် စတင်စုဆောင်းကောက်ယူနေပြီဖြစ်ကြောင်း ဂျပန် ရောက် တော်လှန်ရေးအင်အားစုများထံမှ သိရှိရသည်။

NUG ဂျပန်ကိုယ်စားလှယ်ရုံးမှ အဖွဲ့ဝင်တချို့ဦးဆောင်ကာ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားအဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်၍ မြန်မာ့အရေးနှင့် ပတ်သတ်သော တောင်းဆိုလွှာကို ဝိုင်းဝန်းထောက်ခံပေးရန်အတွက် ဂျပန် လွှတ်တော်အမတ်များထံမှ လက်မှတ်များကောက်ခံသော လှုပ်ရှားမှုကို ဇန်န ဝါရီလ ၂၃ ရက်နေ့တွင် စတင်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်၊ (၂၀၄) ကြိမ်မြောက် ဂျပန်လွှတ်တော် အစည်းအဝေးတွင် “မြန်မာ နိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချခြင်းနှင့် ဒီမိုကရေစီစနစ် အမြန်ဆုံး ပြန် လည်ထွန်းကားရေးအတွက် တောင်းဆိုသည့် ဆုံးဖြတ်ချက်”ကို အထက် လွှတ် တော်နှင့် အောက်လွှတ်တော်မှ အမတ်များက တညီတညွတ်တည်း အတည်ပြု ခဲ့ကြသည်။

သို့သော်လည်း ထိုဆုံးဖြတ်ချက်အပေါ် အခြေခံ၍ အပြုသဘောဆောင် သော လုပ် ဆောင်မှုများကို ဂျပန်အစိုးရအနေဖြင့် လက်တွေ့ အကောင် အထည် ဖော် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည့်အတွက် ယခုကဲ့သို့ လှုပ်ရှား မှု ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း NUG ဂျပန်ရုံးမှတာဝန်ခံ တစ်ဦးဖြစ်သည့် ကိုသန့်ဇော်ထက် က ရှင်းလင်းပြောကြားသည်။

မြန်မာ့တော်လှန်ရေးအင်အားစုများ ဂျပန်အစိုးရထံ တောင်းဆိုမည့် တောင်း ဆိုချက် ၄ ချက်ကို ဂျပန် လွှတ် တော် အမတ်များက လက်မှတ်ရေးထိုး ထောက် ခံသော လက်မှတ် ကောက်ယူနေပြီးယင်းလက်မှတ်များကို ဂျပန်နိုင်ငံ ခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူထံသို့ ပေးပို့ကာ ဂျပန်အစိုးရကို တောင်းဆို သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ စတင်ကျင်းပသော ဂျပန်လွှတ်တော်အစည်းအဝေး မစတင်မီ နံနက်အစောပိုင်း NUG ဂျပန် ကိုယ်စားလှယ်ရုံးမှ အဖွဲ့ဝင်တချို့ ဦးဆောင်၍ လွှတ်တော်အမတ်များ​၏ ရုံးခန်းများသို့ တစ်ခန်းဝင် တစ်ခန်းထွက် လှည့်လည်စည်းရုံးကာ မြန်မာနိုင်ငံ​၏လက်ရှိပကတိအခြေအနေမှန်များကို ရှင်းပြ ကာ လက်မှတ်ရေးထိုးမှုမှာ ပူးပေါင်းပါဝင်ပေးဖို့ စည်းရုံးလှုံ့ဆော် ကြ ကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၃ အအတုအယောင် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ​၏ လက်ရှိ အခက်အခဲများကို ​ပြေလည် နိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်းစွာ အသွင် ကူးပြောင်း နိုင်မည့် နိုင်ငံရေးထွက်ပေါက်မဟုတ်ကြောင်းကိုလည်း ဂျပန်လွှတ်တော်အမတ် များ ကို ရှင်းပြခဲ့ကြသည်။

ဂျပန်လွှတ်တော်အမတ်များ ပါဝင်လက်မှတ်ရေးထိုးထားပြီး ဂျပန်အစိုးရထံ တောင်းဆို မည့် မြန်မာ့အရေး တောင်းဆိုချက် ၄ ချက်မှာ-

၁- ၂၀၂၁ ခုနှစ်ဇွန်လတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်က တညီ တညွတ်တည်း အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်များကို ဂျပန်အစိုးရက တိကျ သေချာစွာ ကောင်အထည်ဖော် ဆောင်ရွက်ရန်၊

၂- နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်းခံ ထားရသော နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေးရန်၊ အရပ် သား များအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ကျောင်းသားများကို မတရားဖမ်းဆီးကွပ်မျက်ခြင်းတို့ကို ချက်ချင်းအဆုံးသတ်ရန် သံတမန် အရင်း အမြစ်အားလုံးကို အပြည့်အဝအသုံးပြု၍ စစ်ကောင်စီကို ဖိအားပေးတောင်း ဆို ရန်၊

၃- ဂျပန်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဂျပန်နိုင်ငံရှိ NUG ကိုယ်စားလှယ်ရုံးတို့ နှင့် တရားဝင် ဆက်သွယ်ဆောင်ရွက်ပေးရန်၊ အထူး သဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို အမျိုး သား ညီညွတ်ရေး အစိုးရ၊ ဒေသဆိုင်ရာတိုင်းရင်းသား တော်လှန်ရေး အင်အား စုများနှင့်သာ ညှိနိူင်း၍ ပူးပေါင်းဆောင်ရွက်သွားရေးအတွက် အမြန် ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ပေးရန်၊

၄- ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် စစ်ကောင်စီက ကြေညာထားသည့် အထွေ ထွေရွေးကောက်ပွဲကို ဂျပန်အစိုးရမှအသိအမှတ်မပြုရန်နှင့် အစိုးရ အရာရှိ များကိုစေလွှတ်ခြင်း အပါအဝင် မည်သည့်နည်းနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article