စစ်ကောင်စီ၏ လျှို့ဝှက် သတင်းများ ပေါက်ကြားနေမှု အရေးယူဆောင် ရွက် ရန် မင်းအောင် လှိုင်က အစည်းအဝေးတွင် ဖိအားပေး ၊ စစ်တပ် အခြေ အနေ မဟန်မှုကို နားလည်လာသည့် စစ်အရာရှိများ တပ်မှ ထွက်ခွင့်ရရန် ကြိုးစား လာ
ရန်ကုန်၊ ဇန်နဝါရီ ၂၈
စစ်ကောင်စီ၏ လျှို့ဝှက် သတင်းများ ပေါက်ကြားနေမှု ကြပ်မတ်ဆောင် ရွက် ရေး အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီ၏ အစည်းအဝေးတွင် ဖိအား ပေးလာကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ၁ /၂၀၂၃ အစည်းအဝေးတွင် အကြမ်းဖက်မင်းအောင်လှိုင်က ထိန်းမနိုင် သိမ်းမရ သတင်းများ ပေါက်ကြားနေမှုနှင့်ပတ်သက်၍ ထည့်သွင်းပြောဆိုပြီး ဝန်ကြီး ဌာန များအားလုံးက ကြပ်မတ် ဆောင်ရွက်ရန် ဖိအားပေး ပြောဆိုလာခြင်း ဖြစ် ကြောင်း သိရှိရသည်။
မကြာသေးမီက ပေါက်ကြားခဲ့သော NUG ၊ CRPH ၊ NUCC နှင့် PDF ချေမှုန်း ရေး စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ကြောင့် စစ်တပ်၏ ရှေ့ လုပ်ငန်းစဉ်များ တိုင်းသိပြည်သိ ဖြစ်ခဲ့ရပြီး လက်ရှိ စစ်ကောင်စီအတွင်း NUG နှင့် PDF ကို အပြတ် မတိုက်နိုင်တော့သည့် အခြေအနေများကို ပေါ်လွင် ထင် ရှားစေခဲ့ကြောင်း၊ ယင်းလျှို့ဝှက် အစည်းအဝေးမှတ်တမ်း ပေါက်ကြားမှု ကြောင့် စစ်ကောင်စီအတွက် အထိနာခဲ့ကြောင်း၊ တပ်အတွင်း စစ်ကောင်စီက ထိန်းချုပ် နိုင်ပြီဟု ဝါဒဖြန့်မှုများ သဲထဲရေသွန်ဖြစ်စေခဲ့သည်ဟု တပ်တွင်းသတင်း ရင်း မြစ် က ပြောသည်။
“လျှို့ဝှက် အစည်းအဝေးမှာ ဆွေးနွေးတာတွေက တပ်ဘက်မှာ အခြေအနေ မဟန်ဘူး။ နစက အခြေအနေမကောင်းဘူးဆိုတာ အစည်းအဝေး မှတ်တမ်း တွေနဲ့ ဆွေးနွေးချက်တွေ ဖတ်ရုံနဲ့ သိရတော့ တပ်ထဲမှာလည်း ရိုက်ခတ်မှုတွေ ကြီးပါတယ်။ အရာရှိပိုင်းမှာ ကိုယ့်အနာဂတ်ကို တွေးပူလာလို့ တပ်က ထွက်ဖို့ ကြိုးစားနေတာတွေလည်းများလာတယ်။ မိသားစုနဲ့ ဆွေမျိုးတွေ ဒုက္ခရောက် မှာစိုးလို့ CDM မလုပ်ရဲကြဘူး။ တပ်က ထွက်ခွင့်ရဖို့ ပုံစံအမျိုးမျိုးနဲ့ ကြိုးစား တာ တွေ များတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
