အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၈
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဇန်နဝါရီ ၂၈ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုကို “လာမည့် 2023 ဖေဖော်ဝါရီ
၁ ရက်နေ့မှာ ကျရောက်မည့် နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ ၂ နှစ်ပြည့် Silent Strike သပိတ်မှာပါဝင်ပေးကြရန် တောင်းဆိုအပ်ပါတယ်။” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။





