အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ ၂နှစ်ပြည့်အကြို သံပုံးတီး ဆန္ဒဖော်ထုတ်
ရန်ကုန်၊ ဇန်နဝါရီ ၂၉
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်က အထင်ကရ နေရာတစ်ခု ဖြစ်သောTime Square တွင် အမေရိကန်စံတော်ချိန် ဇန်နဝါရီလ ၂၈ရက်နေ့ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၉ ရက်နေ့ ) NYCBC က ဦးဆောင်ကာ မြန်မာ့ နွေဦး တော်လှန်ရေး လူထုတိုက်ပွဲ ၂နှစ်ပြည့်အကြို သံပုံးတီး ဆန္ဒဖော် ထုတ် ပွဲပြုလုပ်သည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို နယူးယောက်စံတော်ချိန် စနေနေ့ နံနက် ၁၁ နာရီ မှ မွန်းလွဲ ၁ နာရီအထိ(မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၉ ရက်နေ့ ) ပြုလုပ်ကြောင်း၊ နယူးယောက်နှင့်အနီးတဝိုက်မှ မြန်မာ ပြည် ဖွားတိုင်းရင်သားပြည်သူ အများအပြားတက်ရောက်ခဲ့ကြကြောင်း၊ “တော်လှန် ရေး အစ ..သံပုံးက ..မိစ္ဆာတွေကို နှင်ထုတ်ကြ”ဟူသော ကြွေးကြော်သံ များဟစ်ကြွေးကာ အကြမ်းဖက်စစ်အာဏာရှင်တို့ ၂၀၂၃ မှာနိဂုံးချုပ်စေရန်နှင့် မြန်မာပြည်ကရဲရင့်သောပြည်သူတွေနှင့်အတူ နယူးယောက်သားများအ မြဲရှိကြောင်း သိရှိစေကြရန်အတွက် သံပုံးတီးဆန္ဒဖော်ထုတ်ကြသည်။