ကနီတွင် “အလံမလိပ် အသံမတိတ် စခကျွန်မခံ ကနီသပိတ်” စစ်အာဏာရှင် ပြုတ်ကျရေး သပိတ် ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦးတော် လှန် ရေး သပိတ်အင်အားစု(ကနီမြို့နယ်)မှဦးဆောင်ပြီး နယ်မြေ မငြိမ် မသက် ဖြစ်နေသည့်ကြားမှ စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်ကို အင်အား အများ အပြား ဖြင့်ပြုလုပ်ကြသည်။
“အလံမလိပ် အသံမတိတ် စခ ကျွန်မခံ ကနီသပိတ်” ဘန်နာကိုင်ဆောင်၍ ထလော့ မြန်မာ မြန်မာ ထလော့ ၊ ထလော့ ကနီ ကနီ ထလော့ ၊ သခင်မျိုးဟေ့ ဒို့မြန်မာ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည် ၊ သခင်မျိုးဟေ့ ဒို့ကနီ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည် ကြွေးကြော်သံ များကြွေးကြော်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြကြသည်။
သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောပြော ကြ ပြီး ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေးသစ္စာ သီ ချင်းကို သံပြိုင်သီဆိုခြင်းများ ပြုလုပ်ကြကာ သွေးစည်းညီညွတ်ရေး တေး သီ ချင်းများအကအလှများဖြင့်လည်း ပြည်သူ များကို ဖျော်ဖြေကြကြောင်း သိရှိရသည်။



