ဒီပဲယင်းရှိ စစ်ရှောင် ပြည်သူ ၄၀၀ ကျော်ကို S&C အဖွဲ့က အစားအသောက်များ လှူဒါန်း
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ဒီပဲယင်းမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ
၄၀၀ ကျော်ကို အတွက်ဆာ S&C အဖွဲ့ မှ အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ဘေးသင့် ပြည်သူများအတွက် အာဟာရ ထမင်းကျွေးရန်၊ လိုအပ်သည့်ပစ္စည်းများ ပြန်လည်ပေးအပ်ရန် အကူအညီများစွာ လိုအပ်လျက်ကြောင်း၊ ပါ၀င်ကူညီ လိုသူများ S&C facebook pageတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း S&C အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။





