နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ မြန်မာစစ်သံရုံးကို ပိတ်ဆို့ ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၃၀
နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ မြန်မာစစ်သံရုံးကို ပိတ်ဆို့ ဆန္ဒပြကြကြောင်း သိရှိရသည်။
ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန် တွင် ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာ မြို့ရှိ စစ်ကောင်စီ သံရုံးရှေ့တွင် ပြည်သူ့အာဏာ မတရားသိမ်းယူထားခြင်း ၂ နှစ် ပြည့်အဖြစ် ဩစတြေးလျရောက် မြန်မာပြည်သားများက မြန်မာပြည်မှ တိုက်ပွဲဝင် သူရဲကောင်းများနှင့် အမြဲရပ်တည်နေကြောင်း ဆန္ဒပြကြသည်။
စစ်ကောင်စီ၏ ဒေါက်တိုင် သံရုံးဝန်ထမ်းများ သံရုံးအတွင်း ဝင်မရစေရန် ဂိတ်တံခါးရှေ့တွင် ဆန္ဒပြသူများက မိမိတို့ခန္ဓာကိုယ်ကို သံကြိုးများချည်၍ ပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။



