မုံရွာ-ပုသိမ် လမ်းမထက်တွင် ”ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက် ဖယ်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားနှင့် ပျောက်ကြားသပိတ်ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၃၁
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မုံရွာ-ပုသိမ် လမ်းမထက်တွင် ”ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက် ဖယ်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားကိုင်ဆောင်၍ ပျောက်ကြားသပိတ်လုပ်ဆောင်ခဲ့သည်။
“ပြည်သူတွေအနေ့နဲ့လည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ မနက်ဖြန် အသံတိတ်သပိတ်မှာပါဝင်ကြဖို့တောင်းဆိုလိုပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူက ပြောဆိုသည်။



