ဆားလင်းကြီးတွင် အသံတိတ် သပိတ်၌ ပြည်သူအားလုံး ပါဝင်ရေး ကျောင်းသား ပြည်သူများ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၃၁
ဆားလင်းကြီးမြို့နယ်အတွင်း မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အသံတိတ် သပိတ်၌ ပြည်သူအားလုံး ပါဝင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
သပိတ် စစ်ကြောင်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော Shadow Rangers Salingyi (SRS)၊ Seven Stars M G M ၊ G Z ၊ Phoenix နှင့် MPDF Salingyi အဖွဲ့များမှ ပူးပေါင်းဝန်းရံ အားဖြည့်ပေးခဲ့ကြောင်း သိရသည်။



