28 C
Yangon

တောင်ကိုရီးယားနိုင်ငံတွင် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

Must read

တောင်ကိုရီးယားနိုင်ငံတွင် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ စီလင်ဘိုလာမီ ချောင်စိုညောင်စူလောင်ဂွမ်း ခန်းမတွင် ချင်းလူမူရေးအသင်း (Chin Community Korea)က ဦးဆောင်ကာ ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၇၅ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၂ နာရီ မှ ၅ နာရီ အထိ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ချင်းမောင်မယ်များနှင့် ချင်းခေါင်းဆောင်များမှ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ ဖတ်ကြားခြင်းနှင့် ချင်းရိုးရာအက၊ တေးဂီတများနှင့် ချင်းရိုးရာဝတ်စုံများဖြင့် ကျင်းပခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း အပါအဝင်၊ ကိုရီးယားအရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားမောင်နှမများလည်း တက်ရောက်ခဲ့ကာ အခြားတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အခြားအဖွဲ့အစည်း၏ ထင်ရှားသော ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ညနေပိုင်း (၅) နာရီ တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article