26 C
Yangon

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်တွင် ဖက်ဒရယ် ပြည်ထောင်စုနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

Must read

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်တွင် ဖက်ဒရယ် ပြည်ထောင်စုနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့တော် ဆန်ခရမ်မဲန်တိုရှိ State Capitol ရှေ့တွင် နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားသွေးချင်းတော်လှန်သောအင်အားစုများ၊ နွေဦးတော်လှန်ရေး ထောက်ပို့ပြည်သူများ စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စုနေ့ (ပင်လုံသဘောတူစာချုပ်ချုပ်ဆိုသောနေ့)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ပွဲတွင် တိုင်းရင်းသားအင်အားစုများမှ ဖက်ဒရယ်ပြည်ထောင်စုအပေါ်ယုံကြည်ချက်၊ နိုင်ငံရေးရပ်တည်ချက်များနှင့် နွေဦးတော်လှန်ရေးအပေါ် ခံယူချက်များကို အသီးသီးရင်ဖွင့် ပြောဆိုသွားကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် တောင်ကိုရီးယားနိုင်ငံမှ ချီးမြှင့်သော ကင်မ်ဂွန်းထယ် ဒီမိုကရေစီ ၂၀၂၂ ဆုရ မပန်ဆယ် လိုကို မှတ်တမ်းတင် ဂုဏ်ပြုပွဲနှင့် ညစာဧည့်ခံပွဲကို ညနေ ၆ နာရီမှ ၈ နာရီ အထိ ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် စက်ကရက်မက်တိုမြို့တွင် ပြုလုပ်ခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article