ကနီမြို့နယ်တွင် စစ်အာဏာသိမ်း ၂ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် နွေဦး တော်လှန်ရေး သပိတ်အင်အားစု ကနီမြို့နယ်မှ ဦးဆောင်ကာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် စစ်အာဏာရှင်ပြုတ်ကျရေး ဒို့အရေး ၊ ထလော့ မြန်မာ မြန်မာ ထလော့ ၊ ထလော့ ကနီ ကနီ ထလော့ ၊ သခင်မျိုးဟေ့ ဒို့မြန်မာ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည် ၊ သခင်မျိုးဟေ့ ဒို့ကနီ အရေးတော်ပုံအောင်
ရမည် အောင်ကိုအောင်ရမည် ကြွေးကြော်သံများဖြင့် သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောပြောကြပြီး ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေး သစ္စာသီချင်းကို သံပြိုင်သီဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။



