လောင်းလုံးမြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
လောင်းလုံးမြို့နယ်တွင် စစ်အာဏာသိမ်း ၂ နှစ်ပြည့်နေ့အဖြစ် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်ကာ “စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ ဖက်ဆစ်ရွေးကောက်ပွဲ တိုက်ဖျက်စို့” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် သပိတ်မှောက် ခဲ့ကြောင်း သိရသည်။



