25 C
Yangon

ဂျပန်နိုင်ငံ လွှတ်တော်တွင် မြန်မာ့အရေး ကြားနာပွဲ ပြုလုပ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကိုယ်တိုင်တက်ရောက်

Must read

ဂျပန်နိုင်ငံ လွှတ်တော်တွင် မြန်မာ့အရေး ကြားနာပွဲ ပြုလုပ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကိုယ်တိုင်တက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ဂျပန်နိုင်ငံလွှတ်တော် အဆောက်အဦးအတွင်း မြန်မာ့အရေး ကြားနာပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး​ပြီး ထိုကြားနာပွဲကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို လွှတ်တော်အမတ်များ၊ ဂျပန်သတင်းဌာနများ၊ မြန်မာ့အရေး အားပေးထောက်ခံသူ ဂျပန်လူမျိုး အသိပညာရှင် အတတ်ပညာရှင်များနှင့် ဂျပန်ရောက် နွေဦးတော်လှန်ရေးအင်အားစုများမှ တက်ရောက်ကာ ၂ နှစ်တာကာလ မြန်မာနိုင်ငံ​၏ အခြေအနေများကို ရှင်းလင်းကာ စစ်ကောင်စီ​၏ တရားမဝင်မှုကို ပြသခဲ့ကြောင်း၊ မြန်မာ့အရေးကို ဂျပန်အစိုးရအနေဖြင့် ဖိအားပေးဆောင်ရွက်နိုင်ရန်အတွက် ဂျပန်အထက်၊ အောက်လွှတ်တော် အမတ် ၅၆ ဦးမှ လက်မှတ်ရေးထိုးတောင်းဆိုထားသော တောင်းဆိုလွှာနှင့် မြန်မာ-ဂျပန်လူမျိုးများ​၏ လက်မှတ်ရေးထိုးတောင်းဆိုထားသော လက်မှတ်များအပြင် ဂျပန်ရောက် မြန်မာလူမျိုးများကို ကိုယ်စားပြုသော သဘောထားထုတ်ပြန်ချက် အသီးသီးကို ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးထံသို့ ပေးအပ်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်း ကြားနာပွဲကို ဂျပန်ရောက် မြန်မာလူမျိုးများ၏ ဝန်းရံကူညီမှုဖြင့် မြန်မာ့ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသော လွှတ်တော်အမတ်များ သမဂ္ဂနှင့်အတူ NUG Japan ကိုယ်စားလှယ်ရုံးခန်းမှ ဦးဆောင်ကာ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article