ကနီမြို့နယ် ဗကသ ကျောင်းသားများ အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ကနီမြို့နယ်တွင် မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)မှ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက်ပွဲတွင် “နှောင်ကြိုးမှတစ်ပါးဆုံးရှုံးစရာမရှိ “၊ ” ဖက်ဆစ်ရွေးကောက်ပွဲကိုဆန့်ကျင်ကြ၊စစ်သုံးစစ်ကိုအမြစ်ပြတ်တိုက်ဖျက်ကြ” စာတန်းများ ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။



