ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး James Cleverly နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly တို့ လန်ဒန်မြို့တော်တွင် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြောင်း NUG က တရားဝင်သတင်းထုတ်ပြန် သည်။
ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ် အချိန် လန် ဒန်မြို့ရှိ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးရုံးတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံကြပြီး မြန်မာ့ အရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ဗြိတိန် နိုင်ငံ ခရီးစဥ်အတွင်း Labour Party မှ လွှတ်တော်အမတ် Rushanara Ali နှင့်လည်း ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီခွဲ မှ မွန်းလွဲ ၁ နာရီအထိတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ All Party Parliamentary Group on Burma အဖွဲ့၏ ဥက္ကဋ္ဌ လည်းဖြစ်သူ Rushanara Ali နှင့်တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှု အတွင်းတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာ့နွေဦးတော်လှန် ရေး UK ပါလီမန်က ပိုမိုတို့းမြှင့်ထောက်ခံရေး၊ ဒုက္ခသည်အရေးကိစ္စ ၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးရေး အပါအဝင် မြန်မာ့အရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင်လည်း လန်ဒန်ရောက် မြန်မာနိုင်ငံသားများနှင့် NUG နိုင်ငံခြားရေး ဝန်ကြီးဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် သည် ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး James Cleverly တို့ ယမန်နေ့ လန်ဒန်ရှိ ဗြိတိန်နိုင်ငံခြားရေးရုံးတွင် တွေ့ဆုံစဉ်။


