မြောင်မြို့နယ် ဒေသခံပြည်သူများ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
မြောင်မြို့နယ်တွင် ဒေသခံ ပြည်သူများနှင့် သပိတ် တိုက်ပွဲ ကော်မတီများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲကို မြောင်လူငယ်ကွန်ရက် YFCနှင့်မုံရှာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊မုံရွာအမြင့်လမ်းလူထုသပိတ်ဦးဆောင်ကော်မတီ၊ချောင်းဦးလူငယ်အင်အားစုသပိတ်ဦးဆောင်ကော်မတီတို့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောခဲ့ကြောင်း သိရသည်။



